Yoe_Yoe_Lay_Hotel_Cafe_Bar

ကျိုက်ထီးရိုးဘုရားဖူးမိဘပြည်သူများမင်္ဂလာပါခင်ဗျာ????
ဘုရားဖူးဧည့်သည်တော်များစိတ်အေးချမ်းသာစွာ
?? တောင်တန်းများ၏သဘာဝအလှအပကိုခံစားရင်း ??
??လတ်ဆတ်သောလေကိုရှူရှိုက်ရင်း
ကျွန်တော်တို့ YoeYoeLay Hotel တွင် Cafe Bar ဖွင့်လှစ်ထားပါကြောင်း အသိပေးအပ်ပါသည် ။
မည်သူမဆိုလာရောက်အပန်းဖြေသုံးဆောင်နိုင်ပါတယ်ခင်ဗျာ ??

နေပြည်တော် မတ် ၁၀

ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၌ စုပေါင်းလုပ်အားဒါနဆောင်ရွက်

နေပြည်တော် မတ် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်မြတ်ကြီး ရင်ပြင်တော် နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး တို့အတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ကျိုက်ထိုတပ်နယ်မှ တပ်မ တော်သားများနှင့် ရင်ပြင်တော်သန့်ရှင်းရေး အဖွဲ့များက စေတီတော်မုခ်ဦးမှ ရင်ပြင်တော် ရွှေနတ်တောင်အထိ နေပူခံကျောက်ပြားများ သယ်ဆောင်ခြင်းဖြင့် စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

First Yoe Yoe Lay Co., Ltd

(၁၂.၁.၂၀၁၈) ကောဇာသက္ကရာဇ် ၁၃၇၉ ၊ သာသနာတော်နှစ် ၂၅၆၁ သောကြာနေ့ တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးအား ခုနှစ်ရက်သားသမီး ဘုရားဖူးမိဘပြည်သူများမှ လျှုဒါန်းသော ဆည်းလည်းများဖြင့် စုပေါင်းအရည်ကြို၍ ကြေးပိဿာချိန် (၆၀၀) ရှိသော ခေါင်းလောင်းကြီး တစ်လုံးသွန်းလုပ် လျှုဒါန်းပွဲအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်မှ အပြီးတပ်ဆင်ပြီး အမွှေးနံသာများ ပက်ဖျုန်း၍ စေတီတော်မြတ်ကြီးအား လျှုဒါန်းခဲ့ပါသည်။

ဆံတော်ရှင်ကျိုက်ထီးရိုး အလှည့်ကျဂေါ်ပက အဖွဲ့ ဝင်များ ၊ ရင်ပြင်တော် ဈေးသူဈေးသားများ ၊ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ ဝင်များ ၊ ဂေါ်ပက ၀န်ထမ်းများ ၊ First Yoe Yoe Lay Co.,Ltd နှင့် ဒေသခံပြည်သူများ ၊ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့ များ ၊ ပအို့ တိုင်းရင်းသားများမွန်တိုင်းရင်းသားများ ဖြင့် စည်ကားသိုက်မြိုက်စွာ အခမ်းအနားကျင်းပ အောင်မြင်ခဲ့ပါသည် ။

နတ်လူသာဓုခေါ်စေသောဝ်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရောင်တော်ဖွင့်ခြင်း

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရောင်တော်ဖွင့်ခြင်းနှင့် ကျောက်လုံးတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲကိုစေတီတော် သြ၀ါဒစရိယ ဆရာတော်ကြီးများကြီးမှူးလျှက် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် တပေါင်းလပြည့်နေ့ (23.3.2016)ဗုဒွဟူးနေ့ နံနက် (5:30) နာရီတွင်စတင်ရ်ျ ပူဇော်မည်ဖြစ်ပြီး First Yoe Yoe Lay Co.,Ltd မိသားစုမှ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း ၀တ္တု လှူ ဖွယ်ပစ္စည်းများဆက်ကပ်လှူ ဒါန်းမည်ဖြင့်ပြီးကြွရောက်လာသူ ဘုရားဖူးပြည်သူများအား မုန့်ဟင်းခါးပိသာ(၁၀၀၀) ဖြင့် စတုဒီသာကျွေးမွေးလှူ ဒါန်းမည်ဖြစ်ပါသည်။ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်မှ ရောင်တော်ဖွင့်ခြင်း ရေသပွါယ်ခြင်း အမွှေးနံ့သာ ဖြင့်ပူဇော်ခြင်း အစီအစဉ် ပြီးဆုံးသည်နှင့် ကာရံထားသော ငြမ်းများ လှေကားများဖြုတ်သိမ်းသည့် လုပ်ငန်းအား နေ့ချင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

First Yoe Yoe Lay Co.;Ltd ဥက္ကဌ ဦးနေထက်သိန်းနိုင် + ဒေါ်မော်မော်လျှံ

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ခြင်း (19-3-2016)ရက်နေ့ ညနေပိုင်းတွင် ပြီးစီးပြီဖြစ်ပါသည်။ ဘုရားဘေးတွင် ကာရံထားသော ဖျာများအား ညနေ (53း0)အချိန်တွင် ခွာမည်ဖြစ်ပါသည်။ 

First Yoe Yoe Lay Co.;Ltd ဥက္ကဌ ဦးနေထက်သိန်းနိုင် + ဒေါ်မော်မော်လျှံ 
မိသားစုမှ ရွှေသင်္ကန်း၊ ငြမ်း၊ သစ်စေး နှင့် ရောင်တော်ဖွင့်ပွဲ အခမ်းအနား ကုန်ကျငွေ စုစုပေါင်းတွင် သိန်းပေါင်း (၁၉၀၀) ကို လှူ ဒါန်းမှူ ပြု လုပ်ခဲ့ပါသည်။ (23-3-2016) ရက်နေ့ ရောင်တော်ဖွင့်ပွဲ ပြီးစီးချိန်တွင် စတင်ရ်ျငြမ်းများအား ဖျက်မည်ဖြစ်ပါရ်ျ ဘုရားဖူး ပြည်သူများ ရွှေရောင်တောက်ပနေသည့် ကျောက်လုံးတော်ကြီးအား ဖူးမြော်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

ကမ္ဘာအံဖွယ် ကျိုက်ထီးရိုးစေတီတော်မြတ်

ကမ္ဘာအံဖွယ် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား (၃)နှစ်တစ်ကြိမ် ကျောက်လုံးတော်ကြီး ရောင်တော်ဖွင့်မည့်အစီအစည် မှာ ၁၆.၂.၂၀၁၆ မှစ၍ ၀ါးငြမ်းများအား ၅ရက်နဲ့အပြီးဆင်ပြီး ၂၃.၂.၂၀၁၆ ရက်နေ့တွင် ရွှေဆိုင်းများကပ်လှူရန်အတွက် ဆရာတော်ကြီးများမှ ဖျာကာ၍ ရွှေသင်္ကန်းကို ၉ ရက်နှင့် ရွှေဆိုင်းများ အပြီးကပ်လှူပြီး ၃.၃.၂၀၁၆ရက် နေ့တွင် သြ၀ါဒ ဆရာတော်ကြီးများ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ကျွန်တော်အပါအ၀င် ခုနစ်ရက်သားသမီးများ သုံးနှစ်တစ်ကြိမ် ရောင်တော်ဖွင့် ရေစက်ချ အခမ်းအနား ကျင်းပမည်ဖြစ်ပါ၍ ဘုရားဖူးပြည်သူများ အလှူရှင်များကို ဖိတ်ကြားအပ်ပါသည်။ရောင်တော်ဖွင့်ပွဲကို ဂေါပက ဘဏ္ဌာ ငွေ လုံးဝမသုံးပဲ ကျွန်တော်ဦးနေထက်သိန်းနိုင်တစ်ဦးထဲမှ လှူဒါန်းပြီးခုနစ်ရက် သားသမီးအလှူရှင်များဧ။် ရွှေဆိုင်းများကို ကျွန်တော်နှင့်အတူ ပါဝင်ဆက်ကပ်လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။ဖျာကာထားသည့်ကိုးရက် အတွင်းဘုရားဧ။်အရှေ့ဘက်အခြမ်းကိုဘုရားဖူးအလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ ရွှေဆိုင်းများကပ်လှူနိုင်ရန် ဖျာများကိုအရှေ့ဘက်အခြမ်းတွင်ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။နိုင်ငံခြားသားများအနေနှင့် ၂၃.၂.၂၀၁၆ မှ ၂.၃.၂၀၁၆ အတွင်းဖျာကာထားမည် ဖြစ်ပါကြောင်းအကြောင်းကြားပါသည်။ရေစက်ချပွဲ အခမ်းအနားတွင် သြ၀ါဒ ဆရာတော်ကြီးများနှင့် မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား ငါးနှစ်တာ ကာလာအတွင်း ပွင့်လင်းမြင်သာမှုရှိစေရန်လုပ်ဆောင်ချက်များအား သာသနာရေးဆိုင်ရာကိစ္စ အသီးသီးကိုလျှောက်ထားမည်ဖြစ်ပါသည်။ တဆက်ထဲမှာပဲ ကျွန်တော်အနေဖြင့် မော်လမြိုင်ဆရာတော်ကြီးများ စူဋ္ဌ၂ဘွဲ့နှင်းသဘင်အခမ်းအနား အတွက်သိန်းသုံးဆယ်လှူဒါန်းခဲ့ပါသည်။ကျိုက်ထီးရိုးတွင် မသိုးသင်္ကန်းကပ်လှူသည့် အခမ်းအနားတွင်လည်း ၁၅သိန်းလှူဒါန်းခဲ့ပါသည် ကရင်နှစ်သစ်ကူးအတွက်လည်း ငွေကျပ်၁၀သိန်းနဲ့ကျိုက်ထိုမြို့ တရုတ်နှစ်သစ်ကူး ပွဲတော်အတွက်လည်း ဆယ်သိန်းအပြင်ရန်ကုန်မြို့တရုပ်တန်းမှာပြိုင်ပွဲဝင်ခဲ့တဲ့ကျိုက်ထိုတရုပ်နဂါးပြိုင်ပွဲဝင်အသင်းကိုလည်းသွားရောက်ကြည့်ရှုပြီုး့လှူဒါန်းခဲ့ပါသည်။ကျိုက်ထိုမြို့သီတဂူဆရာတော်ကြီးတရားပွဲ အတွက်လည်း ကားများနှင့် ငွေငါးသိန်းကိုလည်းလှူဒါန်းခဲ့ပါသည် ကျောက်လုံးတော်ကြီး ရွှေသင်္ကန်းကိုလည်း ကျွန်တော်နှင့်အတူ ခုနစ်ရက်သားသမီးများလည်း ပါဝင်လှူဒါန်းခဲ့ပါသည်။

ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် အသင်း ၁၁ နှစ်ပြည့်

ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် အသင်း ၁၁ နှစ်ပြည့် အထိမ်းအမှတ် ဒီဇင်ဘာ ၂ ရက် နေ့  ( တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့  ) တွင် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် အသင်းမှ တောင်တက်ကားများအား အခမဲ့ ပြေးဆွဲပေးမည့်အပြင် စတုဒီသာ များလည်းကျွေးမွေးမည် ဖြစ်ပါသဖြင့် ဘုရားဖူး ရဟန်း ရှင်လူ မိဘပြည်သူများ လာရောက် ဖူးမျှော် နိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်။ First Yoe Yoe Lay မိသားစု မှလည်းစတုဒီသာများကျွေးမွေးလှူဒါန်းမည်ဖြစ်ပါသည်။

Yoe Yoe Lay Car Rental

Yoe Yoe Lay Car Rental မှ ရန်ကုန်မြို့ တွင်း ၊ မြို့ ပြင်၊ လေဆိပ်ကြိုပို့ ၊ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ် ၊ အပန်းဖြေခရီးစဉ် ၊ လေ့လာရေးခရီးစဉ်များ မိသားစု ၊ ကုမ္ပဏီဝန်ထမ်းနှင့် ရုံးအဖွဲ့ အစည်းများအတွက် သီးသန့် ခရီးစဉ်များကို နောက်ဆုံးပေါ် (49ယောက်စီး) ကားအသစ်ကြီးများနှင့်
ကားအတွင်း ကောင်းမွန်သော အဲကွန်း တီဗီ ဒီဗီဒီ ကာရာအိုကေ ရေခဲသေတ္တာ အစရှိသော ၀န်ဆောင်မှုများ ချိုသာသောနှုန်းထားများဖြင့် ငှားရမ်း ၀န်ဆောင်ပေးနေပါသည်။
ဆက်သွယ်ရန်…..01- 544916 , 09-8636855 ,09-8623622,09799875297-298